ဟုတ်ကဲ့ မြန်မာနိုင်ငံမှ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီးရေးသားလိုက်ပါတယ်။Facebook အကောင့်ဖွင့်ရင် Lock ကျပါတယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ အကောင့်မဖွင့်တတ်သေးတဲ့ သူငယ်ချင်းများပါ တစ်ခါတည်းဖွင့်တတ်သွားအောင်အသေးစိတ်ရေးပေးရတဲ့ အတွက် သိပြီးသူများကတော့ မဖတ်ချင်ကျော်သွားလိုက်ပါ။ကျွန်တော်တို့ မြန်မာနိုင်ငံကနေဆိုရင် Facebook accounts ကိုဖွင့်ခွင့် မပြုပါဘူး အဲ့အတွက် သိသောသူများကတော့ Proxy တွေခံ ကျော်ခွပြီး ဖွင့်ကြပါတယ်။

ဖွင့်လို့ရခဲ့ရင်လဲ အကောင့်က SignIn ၀င်လိုက်တဲ့ အဆင့်တောင် မရောက်ပဲ Lock ကျသွားတတ်ပါတယ်။ အဲ့တော့ကျွန်တော်တို့ မြန်မာနိုင်ငံက သူငယ်ချင်းများက ခုပေးတဲ့ နည်းလေးသုံးပြီး ဇူကာဘတ်ကြီးကို မျက်လှည့်ပြလိုက်ကြရအောင်။ပထမဦးဆုံး ခုပေးတဲ့ Hotspot Shield Apk လေးကို ဒေါင်းပြီး ဖုန်းမှာအရင် Install လုပ်လိုက်ပါ။Hotspot Shield apk ကို ဒီမှာ ဒေါင်းလိုက်ပါ။

Facebook အသစ်ဖွင့်ဖို့အတွက် Gmail လိပ်စာ တစ်ခု လိုပါတယ်။အာ့အတွက် Gmail တစ်ခုအရင်ဖွင့်မှာပါ။ ဒါလေးကိုလေ့လာပြီးရင်တော့ Facebook အကောင့်တင်မက Gmail အကောင့်ပါ ဖွင့်တတ်သွားမှာပါ။ ဖုန်းမှာ Original ပါတဲ့ Browser ကိုဖွင့်လိုက်ပြီး http://mail.google.com/ ဆိုတာကို Browser ရဲ့ Url ဘားထဲမှာရိုက်ပြီး Enter နှိပ်ပါ။အောက်ကပုံမျိုးပါ။


ဒါဆိုရင် Gmail account SignIn ၀င်ဖို့ Page ကျလာပါမယ်။ အာ့ထဲက Create an account ကို နှိပ်ပါ။အောက်ကပုံမျိုးပါ။ 



ဒါဆိုရင် အကောင့်တစ်ခုပြုလုပ်ဖို့ရာ ဖောင်ဖြည့်ဖို့ ကျလာပါမယ်။ Name နေရာမှာ First name နဲ့ Last name ဖြည့်ပါ။ Choose your username နေရာမှာ မိမိ ပေးလိုသော နာမည်တစ်ခုထည့်ပါ။ အကယ်၍ သင်ပေးသော နာမည်က ရှိပြီးသားဖြစ်နေရင်တော့ ပေးလို့မရတဲ့အတွက် သူပေးတဲ့ နာမည်တစ်ခုခု
ယူသုံးချင်သုံးပါ။ မဟုတ်ရင်လဲ အသစ်ပြန်ပေးပါ။ ဒါဟာသင်အမြဲသုံးရမယ့် Gmail လိပ်စာဖြစ်လို့
မေ့လို့တော့ မရပါဘူး။ ပြီးရင် Create a password မှာ သင်ပေးချင်တာပေးလိုက်ပါ။ ၈လုံးနှင့်
အထက်တော့ ဖြစ်ရပါမယ်။ Confirm your password မှာတော့ အပေါ်မှာသင်ပေးခဲ့တဲ့ Password

ကိုပဲ နောက်တစ်ကြိမ်ပြန်ရိုက်ထည့်ပေးရမှာပါ။ Birthday ကိုလဲ သင်နှစ်သက်ရာ ပေးနိုင်ပါတယ်။ မှတ်တော့မှတ်ထားပါ။ Facebook account ဖွင့်ရင် Birthday ကို ခုပေးခဲ့တဲ့အတိုင်းပဲ ပြန်ပေးရမှာမို့လို့ပါ။ Gender မှာ Male or Female ရွေးပါ။ Mobile phone မှာဒီတိုင်းထားပါ။ Your current email address မှာတော့ အကောင့်ရှိပြီးသား သင်ယုံကြည်ရသူ တစ်ဦးဦးရဲ့ လိပ်စာကို ထည့်ပေးရမှာပါ။ အကယ်၍များမရှိဘူးဆိုရင်တော့ အော်သာအော်လိုက်ကူညီပေးဖို့အသင့်ပဲဗျာ။ :D

သင့်ရဲ့ အကောင့် Password မေ့သွားတာပဲဖြစ်ဖြစ် တစ်စုံတစ်ခုကြောင့် ဖွင့်မရတော့တာပဲဖြစ်ဖြစ် အဲ့ဒီ Recovery mail ကနေပြန်ယူလို့ရပါတယ်။ Prove you’re not a robot မှာတော့ သူပေးထားတဲ့ နံပါတ်လေးတွေကို ကျွန်တော်ဖြည့်ထားသလို မှန်ကန်အောင်ဖြည့်ပေးရပါမယ်။ Location မှာလဲ ဒီတိုင်းပဲထားပါ။ Iagree to Google Teams of Service and Privacy Policy နဲ့ Google may use my account information to….. ၂ခုစလုံးမှာ အမှန်ခြစ်ကလေးတွေတက်ပေးရပါမယ်။အားလုံးဖြည့်လို့
ပြီးသွားပြီ ဆိုရင်တော့ အောက်ဆုံးက Continue ကို နှိပ်ပေးလိုက်ပါ။ သေချာသိရအောင်
အောက်ကပုံ ၂ ပုံကိုကြည့်လိုက်ပါ။ဒါဆိုသေချာနားလည်ပြီး ကိုယ်တိုင်အကောင့် ဖွင့်တတ်သွားပါလိမ့်မယ်။ 





Gmail account သစ်ဖွင့်ရာမှာ တစ်ခါတစ်ရံ တန်းမပွင့်ပဲ Account Verify လုပ်ခိုင်းတတ်ပါတယ်။
ဒီလိုဖြစ်လာခဲရင် လုပ်တတ်အောင် Verify လုပ်ခိုင်းတဲ့ ပုံစံလေးကို ရှင်းပြပါမယ်။တန်းပွင့်သွားသူတွေ
ကတော့ ခုအဆင့်ကိုလုပ်စရာမလိုတော့ဘူးပေါ့ဗျာ။ ကဲဆက်ရအောင် ခုနက Continue ကိုနှိပ်လိုက်လို့
အောက်ကပုံလိုမျိုး Page တက်လာခဲ့ရင် Us အလံလေး ပေးထားပါလိမ့်မယ်။သေချာကြည့်ရင် အလံလေးဘေးမှာ အောက်မျှားလေးပါပါတယ်။အဲ့ဒီအလံလေးကို Select လုပ်လိုက်ပြီး Myanmar ဆိုတာကို လိုက်ရှာပြီးရွေးပေးလိုက်ပါ။ ပြီးရင် သင်ခုဖုန်းရဲ့ နံပါတ်ကို အဲ့ဒီအလံလေး ဘေးက အကွက်မှာထည့်ပေးရပါမယ်။ ဖုန်းနံပါတ်ရဲ့ အရှေ့မှာ 9 ကိုထည့်ပေးရပါမယ်။ပြီးရင် Voice Call ကိုရွေးပေးပြီး Continue ကိုနှိပ်ပါ။အောက်ကပုံကိုနမူနာကြည့်လိုက်ပါ။



Continue ကိုနှိပ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ သင့်ရဲ့ဖုန်းကို Google Service မှ Phone Call ၀င်လာပြီး သင့်အကောင့်အတွက် Code နံပါတ် ၆ လုံးကို ၂ကြိမ်ပြောပေးပါလိမ့်မယ်။အာ့နံပါတ် ၆ လုံးကို
မှတ်ထားလိုက်ပြီး Verify your account Page ထဲက Enter verification code အောက်က အကွက်မှာ ထည့်ပေးပြီး Continue ကိုနှိပ်ပေးရမှာပါ။ပြီးသွားရင်တော့သင်အခုဖွင့်တဲ့အကောင့်အောင်မြင်သွားကြောင်း Page တစ်ခုတက်လာပါလိမ့်မယ်။ Continue to Gmail ကိုနှိပ်လိုက်ရင်တော့ သင့် Gmail account ထဲတန်းဝင်သွားပြီး Gmail Team မှပို့ထားသော Mail 3 စောင် Auto ရောက်နေပါလိမ့်မယ်။

ကဲ Gmail အကောင့်တော့ဖွင့်ပြီးသွားပြီ။သင်ခုဖွင့်ထားတဲ့ Browser ကို ခန minimize လုပ်ထားလိုက်ပါ။
မလုပ်တတ်ရင်ဖုန်းရဲ့ back, home, menu သုံးခုထဲကအလယ်က home botton ကိုနှိပ်ပြီးထွက်လိုက်ပါ။
ပြီးရင် Facebook အကောင့်ဆက်ဖွင့်ဖို့ အတွက် ပထမကျွန်တော် ဒေါင်းပြီးဖုန်းမှာ Install လုပ်ခိုင်းထားတဲ့ Hotspot Shield apk ကိုဖွင့်လိုက်ပါ။ အာ့ထဲမှာ Turn On Protection ကိုနှိပ်ပေးပါ။ I trust this application ကိုအမှန်ခြစ်လေးတက်ပေးပြီး OK ကို နှိပ်လိုက်ရင်တော့ ဖုန်းရဲ့ noti ဘားမှာ သော့ပုံလေး
တက်လာပါလိမ့်မယ်။ဒါဆို Facebook အကောင့်ဖွင့်လို့ရပါပြီ။ Hotspot Shield ပွင့်သွားပုံကိုအောက်မှာကြည့်ပါ။



ပြန်ထွက်လို့ရပါပြီ။ ခုနဖွင့်လက်စ Browser ကိုပြန်ဖွင့်လိုက်ပါ။လက်ရှိဖွင့်ထားတဲ့ Gmail ကိုမပိတ်ရပါဘူး သင့်ဖုန်း Browser ရဲ့ ညာဘက်အပေါ်ဒေါင့်နားက Tag ကိုနှိပ်ပြီး New Page ကိုခေါ်လိုက်ပါ။
အောက်ကပုံကိုကြည့်ပါ။





တက်လာတဲ့ Page အလွတ်ရဲ့ Url ဘားထဲမှာ www.facebook.com/ လို့ရိုက်ပြီး Enter နှိပ်လိုက်ရင်တော့ Facebook ရဲ့ Welcome Page ကျလာပါလိမ့်မယ်။ အဲ့ဒီ Page ထဲက Create New Account ကို နှိပ်ပေးလိုက်ပါ။အကောင့်သစ်ဖွင့်ဖို့ရာဖောင်ဖြည့်ရပါမယ်။ First Name နဲ့ Last Name မှာသင်နှစ်သက်ရာ English နံမည်တစ်ခု ပေးပါ။ နောက်မှမြန်မာနံမည်ပေးချင်သပဆိုလည်း
ပြောင်းလို့ရပါတယ်။လောလောဆယ်မှာတော့ Facebook Team ကခွင့်ပြုထားတဲ့ Language ကိုပဲ
အသုံးပြုရပါမယ်။ဒါမှသာ အကောင့်လော့မကျမှာပါ။ Email or Phone: နေရာမှာတော့ ခုနက သင်ဖွင့်ခဲ့တဲ့ Gmail လိပ်စာကို ရိုက်ထည့်ပေးပါ။ Gender: မှာလဲ Gmail မှာရွေးခဲ့တဲ့ Male or Female ကိုပဲရွေးပေးပါ။ Birthday လည်း ထိုနည်းတူပါပဲ။ Gmail မှာပေးခဲ့တဲ့အတိုင်း ပြန်ရွေးပေးပါ။ New Password: မှာတော့ သင်ပေးချင်တာပေးလို့ရပါတယ်။ကျွန်တော်ပုံမှာတော့ xxxxxxxxx ဆိုတာ နမူနာအနေနဲ့ ရိုက်ခဲ့တာပါ။
ပြီးသွားရင်တော့ Sign Up ကိုနှိပ်လိုက်ပါ။ အောက်ကပုံကို နမူနာကြည့်လိုက်ပါ။



Sign Up လုပ်လိုက်ရင်တော့ Profile Info ဖြည့်ပေးရပါမယ်။ ပထမဦးဆုံး Facebook ကသင့်ကို သင်တက်ခဲ့တဲ့ ကျောင်းကိုရွေးခိုင်းပါလိမ့်မယ်။သင်တက်ခဲ့တဲ့ ကျောင်းလိပ်စာကနောက်မှပြန်ပြင်ပါ။လက်ရှိမှာတော့ Facebook ကအသိမှတ်ပြုတဲ့ကျောင်းတစ်ခုကိုအရင်ရွေးထည့်ပေးထားလိုက်ပါ။ College Name ကို Select လုပ်ပြီး Search Box မှာ university လို့ရိုက်လိုက်ရင်တော့ Facebook ကအသိမှတ်ပြုတဲ့ ကောလိပ်တွေ ကျလာပါလိမ့်မယ်။အာ့ထဲက သင်တစ်ခုကိုရွေးပြီး Save ကိုနှိပ်လိုက်ပါ။ အောက်ကပုံကို နမူနာကြည့်လိုက်ပါ။



Save နှိပ်ပြီး နောက်ထက်ကျလာမှာက သင့်ကို Friend add ခိုင်းတဲ့ Page ပါပဲ အဲ့ဒီ Page ကိုလဲ Next လုပ်ပြီး မကျော်ပါနဲ့။သင့်သူငယ်ချင်းတစ်ယောက်ယောက်ကို Search Box မှာရိုက်ရှာပြီး add လုပ်ပြီးမှ Next ကိုနှိပ်ပါ။ အောက်ကပုံကို နမူနာကြည့်လိုက်ပါ။



နောက်ဆုံးတစ်ခုကတော့ သင့် Profile Picture ထည့်ပေးဖို့ပါပဲ။ သင့်ဖုန်းထဲက ပုံတစ်ပုံလောက်ရွေးပြီး Set as Profile Picture ကို Select လုပ်ပေးလိုက်ပါ။ဒါဆိုရင်တော့ Facebook အကောင့်ဖွင့်ခြင်းပြီးဆုံးပါပြီ။ Lock မကျဖို့ကို တစ်ခါထဲ Confirm ဖြေပါမယ်။ ဒီအဆင့်ကအရေးကြီးတာမို့ ကျော်မသွားပါနဲ့
နောက်မှလုပ်မယ်လည်း မရပါ။ တစ်ခါထဲ လုပ်ပေးလိုက်ပါ။ အောက်ကပုံထဲက Confirm Your Email ကို Select လုပ်လိုက်ပါ။


ပြီးရင် ခုနဟိုဘက် Tag ထဲက သင်ဖွင့်ခဲ့တဲ့ Gmail ဆီကို ကူးသွားလိုက်ပါ။ အာ့ဒီ Gmail Inbox ထဲမှာ Facebook မှသင့်ထံ Mail ၂ စောင်ပို့ထားပါလိမ့်မယ်။ မရသေးဘူးဆို Reloading ပြန်ပြီး လုပ်လိုက်ပါ။ ၂စောင်ထဲကမှ Three ways toget the most from Facebook…. ထဲကိုဝင်လိုက်ပါ။အဲ့ဒီထဲက You may be asked to enter this confirmation code:( နံပါတ် ၆ လုံး ) ကို Copy ကူးလိုက်ပါ။ အောက်ကပုံကို နမူနာအနေနဲ့ ကြည့်လိုက်ပါ။




Copy ကူးထားတဲ့ Confirm Code ၆ လုံးကို Facebook စာမျက်နှာကို ပြန်ကူးလာလိုက်ပြီး Enter Confirmation code အကွက်ထဲ ကူးထဲ့ပေးပြီး Confirm လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ You have successfully confirmed your account ဆိုတဲ့ message နဲ့အတူ Facebook apk ကို Install လုပ်ခိုင်း
ပါလိမ့်မယ်။ သင့်မှာ Facebook apk ရှိပြီးသားဆိုရင်တော့ Next ကိုနှိပ်ပြီး Lock မကျတော့မယ့်
အကောင့်လေး တစ်ခုရပါပြီခင်ဗျာ။ တစ်ခုသတိထားပါဦး Friend တွေအများကြီး လက်မခံပါနဲ့ မ Add ပါနဲ့ ဖြစ်နိုင်ရင် တစ်နေ့ကို တစ်ယောက်ပဲ Add ပါ။ Like တွေလည်း အရမ်းမပေးပါနဲ့ ပုံတွေလဲအရမ်း
မတင်ပါနဲ့။ တစ်ပတ်ပြည့်ပြီးနောက်မှာတော့ သင့်သဘောပေါ့။ :D

စာအုပ်အနေနဲ့ ဒေါင်းယူချင်တယ်ဆိုရင်တော့ ဒီမှာ ယူလိုက်ပါ။
အဆင်ပြေပါစေဗျာ….

Nay Minn (MITG)





2 comments:

  1. ကျေးဇူးပါခင်ဗျာ.....ပြန်လည်ကူးယူဖော်ပြခွင့်ပြုပါခင်ဗျာ...... www.soenaungnaungg.blogspot.com

    ReplyDelete
  2. သဘောရှိပါခညာ .:: just for share ::.

    ReplyDelete

 
Top