android ph တွေ root လုပ်တယ် i devices တွေ jailbreak လုပ်တယ် ကျွန်တော် အဲ့ဒါနဲ့ ပါတ်သတ်လို့  သိသလောက်နဲနဲလေးပြောကြည့်မယ် ရေးနေကျအတိုင်း လုံးဝမသိတဲ့သူတွေအတွက်ပေါ့ :) ကျွန်တော်တင်တဲ့ပို့ စ်တွေက up to date ဖြစ်မနေလို့ ပါ ထားပါတော့
root , jail ဘာလို့ လုပ်ရတာလဲ ဘာအတွက်လဲ တော်တော်များများစသုံးတဲ့သူတွေ ဘာမှန်းသေချာမသိကြတာများပါတယ် ဂရုတွေမှာလဲ မေးနေကြတာတွေ့ လို့  ရေးလိုက်တာပါ အဓိက မြန်မာစာထည့်ဖို့ လို့ ပဲထင်နေကြလို့ ပါ
ကျွန်တော်တို့ အိမ်တစ်လုံးငှားနေတယ်ထားဗျာ နေလို့ ရမယ် ဘာမှတော့ကိုယ့်စိတ်ကြိုက်ပြင်လို့ ရမှာမဟုတ်ဘူးလေ(များသောအားဖြင့်) အိမ်တစ်လုံးကိုဝယ်လိုက်မယ် ကိုယ်လုပ်ချင်တာ ပြင်ချင်တာ စိတ်ကြိုက်လုပ်လို့  ပြင်လို့ ရမယ် အဲ့လိုပေါ့ root , jail ဆိုတာလဲ ကိုယ်ပိုင် လုပ်ပိုင်ခွင့် ယူလိုက်တဲ့သဘောပါပဲ ဒီတိုင်းသုံးမယ် ဆိုဘာဖြစ်မလဲ ကောင်းကျိုးက warrenty မပျက်ဘူးပေါ့ တစ်ခုခုဖြစ်တဲ့အချိန် အသစ်နဲ့ ပြန်လဲ (သို့ မဟုတ်) ဆိုင်ကအလကား ပြန်ပြင်ပေးပါလိမ့်မယ်
root , jail လုပ်လိုက်ခြင်းဖြင့် warrenty ပျက်သွားပါတယ် ဘာမှပြန်လုပ်ပေးမှာမဟုတ်တော့ပါဘူး မြန်မာစာထည့်ဖို့ သီးသန့် မဟုတ်လို့ ဘာအတွက်လဲလို့ မေးလာကြရင် ဒီလိုတွေရှိပါတယ် android ဖုန်းတွေမှာဆိုရင် button suvaiour ဆိုတဲ့ apk လေး install လိုက်မယ်ဗျာ back key , camera , recent , volume up/down တွေရမယ် screen off ဖို့ ကိုတော့ root access လိုသွားပါပြီ
i devices တွေမှာဆိုရင်ကော call blocker ဆိုရင်လိုတာပဲလေ ခုနောက်ထွက်တဲ့ IOS7 မှာတော့ မလိုတော့ဘူး call block build in ပါလာတယ် :D အဲ့လိုပဲ ခုနောက် android ဖုန်းတွေမှာ မြန်မာစာစနစ်တွေပါလာတယ်
အဲ့လိုဆိုတော့ကော... root , jail မလိုတော့ဘူးလား တခြား root acess လိုတဲ့ application (apk) တွေသုံးဖို့ အတွက် jail ထားမှ အဆင်ပြေတဲ့ third party software (ipa) တွေသုံးဖို့ အတွက် root , jail ဆိုတာကတော့ လိုနေဦးမှာပဲဗျို့  :)
အချိန်ကုန်ဖတ်ပေးတာ ကျေးဇူးတင်ပါတယ် အားလုံးသော mobile user တော်တော်များများသိနေသည်ဆိုသော်လည်း လုံးဝမသိသေးသူများအတွက်ပါ

0 comments:

Post a Comment

 
Top