credit >>> အခြေခံနည်းပညာသမားလေး
refer >>> အိုင်တီမုဆိုး
ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Hardware ပေါင်းများစွာနဲ့ အလိုက်သင့် ချိတ်ဆက်လည်ပတ်နေတယ်ဆိုတာ အားလုံးလည်း သိပြီးသားပါ ..
ဒါပေမယ့် ကျွန်တော်တို့တွေ သုံးနေတဲ့ ကွန်ပြူတာတွေမှာ ကျွန်တော်တို့လိုချင်သလောက် Hardware တွေကို တိုးမြှင့်သုံးစွဲနိုင်ဖို့ဆိုတာ အမြဲတမ်းမဖြစ်နိုင်ပါဘူး ..
ဥပမာ .. RAM ကို1GB သာ Support လုပ်ပေးနိုင်တဲ့ mother board ပေါ်မှာ စက်ကို ပိုပြီးမြန်စေချင်တဲ့ စိတ်နဲ့ RAM ကို 1GB နှစ်ချောင်း .. ဒါမှမဟုတ် 2GB တစ်ချောင်း အဲဒီလို ပိုပြီး ပမာဏမြင့်တဲ့ Hardware တစ်ခုခုကို တိုးမြှင့်အသုံးပြုလို့ လုံးဝ အဆင်ပြေမှာမဟုတ်ပါဘူး
အဲဒီတော့ ကျွန်တော်တို့မှာ RAM အသုံးချမှု မြင့်မားတဲ့ ပရိုဂရမ်တွေကို အသုံးပြုတဲ့အခါမှာ ကိုယ့်စက်ထဲက RAM ပမာဏဟာ ကန့်သတ်ပမာဏ နည်းနေမယ်ဆိုရင် အသုံးပြုနေရင်နဲ့ Forced stop ဖြစ်တာမျိုးတွေ Hang သွားတာမျိုးတွေ .. အဲဒီလို ပြဿနာမျိုးတွေနဲ့ ကြုံရမှာဖြစ်ပါတယ် ..


ဒါမျိုး ဘာကြောင့်ဖြစ်တာလည်းဆိုတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ ပရိုဂရမ်တစ်ခုရဲ့ သက်ဆိုင်ရာဒေတာတွေကို ပထဦးဆုံး RAM ( Random Access Memory ) ပေါ်မှာ အရင်ဆုံး ကူးယူမှတ်သားထားပြီးမှ သူဆီမှာမှတ်သားထားတဲ့ ဒေတာတွေကို အလွယ်တကူ ယူသုံးလိုက်တာဖြစ်ပါတယ် .. အဲဒီလို မှတ်သားထားတဲ့ ဒေတာတွေကို Cache Memory လို့လည်း ခေါ်ပါတယ် .. Cache Memory အဖြစ်နဲ့ သာမှတ်ပေးမယ့် ကြားခံ Hardware မရှိဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေဟာ ကီးတစ်ခုကိုနှိပ်ပြီးတာနဲ့ အဲဒီကီးရဲ့ Output ကို ရဖို့ အနည်းဆုံး 0.07 စက္ကန့်လောက် စောင့်ပေးနေရမှာဖြစ်ပါတယ် .. သိပ်များပြားတဲ့ အချိန်ပမာဏ မဟုတ်ဘူးလို့ ထင်ရပေမယ့် Digital စနစ်အရတော့ ကမ္ဘာကို တစ်ဝက်ကျော်ကျော်လောက် ပတ်ပစ်လို့ရနိုင်တဲ့ အချိန်ပမာဏပဲ ဖြစ်ပါတယ် ..
ကဲ .. အဲဒါဆိုရင် စက်ကထောက်ပံ့ပေးနိုင်တဲ့ RAM ပမာဏကလည်း နည်းတယ် ကိုယ်ကလည်း RAM အသုံးချမှု မြင့်မားတဲ့ ပရိုဂရမ်မျိုးကိုလည်း မဖြစ်မနေ အသုံးပြုရတော့မယ် .. ဒါမှမဟုတ် .. RAM ထောက်ပံ့နိုင်မှုတော့ ရှိပါရဲ့ ဒါပေမယ့် ကိုယ့်အတွက် RAM ထပ်စိုက်လို့ရတဲ့ အခြေအနေမျိုးမရှိဘူး (ဥပမာ- ဆိုင်မှာသုံးနေရတာမျိုး .. RAM ရှာရခက်တဲ့နေရာဒေသမျိုး ) အဲဒီလို အခြေအနေမျိုးနဲ့ ကြုံရပြီးဆိုင်ရင် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေကို ပစ်လိုက်ရတော့မှာလား
အဲဒီလောက် စိမ်းကားစရာမလိုပါဘူး .. ဘာကြောင့်လဲဆိုတော့ ၀င်းဒိုးစနစ်ထဲမှာပါတဲ့ RAM ကို ထောက်ကူအားပေးမယ့် နည်းပညာလေးတစ်ခုရှိပါတယ် ..
အဲဒါကဘာလဲဆိုတော့ ReadyBoost နည်းပညာပါ ..
ReadyBoost ဆိုတာကတော့ ခဏတဖြုတ် မှတ်သားဖို့လိုအပ်တဲ့ ဒေတာတွေကို RAM ပေါ်မှာ မှတ်သားမယ့်အစား USB ပေါ်မှာလွှဲပြောင်းမှတ်သားခြင်းအားဖြင့် RAM ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တို့မြှင့်လာအောင် ကူညီပေးမယ့် နည်းစနစ်ပဲ ဖြစ်ပါတယ် ..
ဒါပေမယ့် ဒီနည်းစနစ်ရဲ့ အကျိုးသက်ရောက်မှုဟာ RAM = 1GB နဲ့အထက်ရှိတဲ့ ကွန်ပြူတာတွေအတွက် ထင်ထင်ရှားရှား သိနိုင်မှာမဟုတ်ပေမယ့် RAM = 1GB အောက်ပဲရှိတဲ့ ကွန်ပြူတာတွေမှာ တော့ သိသိသာကြီးကို ကွန်ပြူတာရဲ့ Performance တွေ တိုးတက်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ..
ဘာကြောင့်လဲဆိုတော့ RAM ပမာဏ 1GB လောက်ရှိပြီဆိုရင်ပဲ တော်တော်တန်တန် များပြားတဲ့ Cache Memory တွေကို မှတ်သားနိုင်လို့ တခြားနေရာမှာ ကူညီမှတ်သားစရာ သိပ်မလိုတော့တာပါ ..
ဒါပေမယ့် RAM = 1GB အောက် ( အထူးသဖြင့် 512MB ) လောက်ပဲ ရှိတဲ့ ကွန်ပြူတာတွေမှာတော့ RAM ထဲမှာ မဆံ့တော့တဲ့ Cache Memory တွေကို ReadyBoost လုပ်ထားတဲ့ USB (memory stick, flash drive ) ထဲမှာ ပြောင်းလဲသိမ်းဆည်းပြီး အသုံးပြုနိုင်တာကြောင့် သိသာတဲ့ Performance တိုးတက်လာမှုတွေကို မြင်ရတာဖြစ်ပါတယ် ..
ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကွန်ပြူတာမှာ RAM = 8GB စိုက်ထားတာတောင် ReadyBoost လေးလုပ်ပြီး အသုံးပြုပါတယ် .. ဘကြောင့်လဲဆိုတော့ RAM ရဲ့ တန်ဘိုးက USB တစ်ချောင်းရဲ့ တန်ဘိုးထက် ပိုမြင့်တယ်လို့ တွေးမိတဲ့အပြင် .. တတ်နိုင်သလောက် ကိုယ့်စက်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုမယ့် နည်းတွေကို အသုံးပြုတဲ့သဘောပဲ ဖြစ်ပါတယ် ..
ကဲ .. နည်းနည်းလည်း ရှည်သွားပြီ .. ReadyBoost လုပ်နည်းလေး ပြောပြပါမယ် ..
ပထဆုံး 2GB နဲ့ အထက်ရှိတဲ့ Memory Stick လေးတစ်ချောင်းတော့ လိုပါတယ် .. ဒီနေရာမှာ တစ်ခုပြောချင်တာက တစ်ချို့သော Flash Drive တွေဟာ ReadyBoost လုပ်လို့ရလောက်တဲ့ Speed မျိုး မရှိတာတွေဖြစ်တတ်ပါတယ် .. ဒါကြောင့် နံမည်ရှိပြီးသား Brand မျိုးကိုသာ ၀ယ်ယူသင့်ပါတယ် ..
ကဲ .. USB လေးရလာပြီပေါ့ .. မားသားဘုဒ်မှာ အဲဒီ USB လေးကို ထိုးလိုက်ပါ ..
ပြီးရင် my computer ကိုဖွင့်ပါ .. အဲဒီထဲက ကိုယ်ထိုးလိုက်တဲ့ USB ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက Properties ကိုနှိပ်ပေးလိုက်ပါ ..



အဲဒီအခါ ပွင့်လာတဲ့ Box ထဲက ReadyBoost ကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက Use this device မှာ အမှတ်တပ်ပေးလိုက်ပါ ... အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ Do not use ... ဆိုတာကတော့ ReadyBoost လုပ်ထားတဲ့ USB ကို ReadyBoost အဖြစ်အသုံးမပြုချင်တော့ရင် သူ့ကိုနှိပ်ပေးပြီး Apply နှိပ် Ok နှိပ်ပြီး မှ Format ချလို့ရမှာဖြစ်ပါတယ် .. ( ဒီအတိုင်းဆိုရင် ReadyBoost လုပ်ထားတဲ့ USB ကို Format ချလို့ လုံးဝမရပါဘူး ) ဒုတိယစာကြောင့်ဖြစ်တဲ့ Dedicate this device .... ဆိုတာကတော့ ကိုယ့်ရဲ့ USB ဟာ ReadyBoost လုပ်လို့ ရမရ စမ်းပေးမယ့်နေရာပါ .. အောက်ဆုံးက Use this device ကတော့ ReadyBoost လုပ်မယ့်အခါ မဖြစ်မနေသုံးရမယ့် နေရာပါ .. 4094 MB ဆိုတဲ့ နေရာကတော့ USB ပေါ်မှာ ReadyBoost အဖြစ် အများဆုံးအသုံးပြုနိုင်တဲ့ ပမာဏကို ဖော်ပြထားတာဖြစ်ပါတယ် .. ကျွန်တော်က 4G ပမာဏရှိတဲ့ USB ကိုသုံးပြထားလို့ အဲဒီလောက် ပမာဏပြနေတာပါ .. အဲဒီပမာဏကို ကိုယ်လိုသလို လျှော့ပေးလို့လည်း ရပါသေးတယ် .. ( တိုးလို့တော့ မရပါဘူး)


အဲဒီထဲက အောက်ဆုံးမှာရှိတဲ့ Use this device ကိုအမှတ်တပ်ပြီး Apply ကိုနှိပ်လိုက်ရင် အဲဒီ USB ကို ReadyBoost လုပ်လို့ရမရ configure လုပ်နေတာကို ခဏလောက်စောင့်ပေးပြီး Error Box တက်မလာဘူးဆိုရင် Ok ကိုနှိပ်ပေးလိုက်ရုံပါပဲ ..
နောက်ဆုံး ReadyBoost လုပ်လိုပြီးသွားပြီဆိုတာနဲ့ USB လေးဟာ Cache Memory တွေနဲ့ ပြည့်လုနီးပါး ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်


ကောင်းတာကတော့ ReadyBoost အဖြစ်သုံးတဲ့ USB ကို Mother Board ဖက် ( အနောက်ဖက် )က USB ပေါက်မှာထိုးထားပြီး အမြဲတမ်း တပ်ဆင်အသုံးပြုသင့်ပါတယ် .. RAM အသုံးပြုမှုမြင့်တဲ့ ပရိုဂရမ်တွေကို သုံးတော့မယ်ဆိုမှ ReadyBoost USB ကိုတပ်လိုက်ရင်လည်း ဖြစ်ပါတယ် ..
ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

0 comments:

Post a Comment

 
Top