လက်ရှိ မြန်မာပြည် ဈေးကွက်မှာ ဟွန်ဒါ ဖစ် ဟာ ဝယ်၊ ရောင်း အား န့ပါတ် ၁ မှာ ရှိနေတဲ့ အိမ်စီးကား ဖြစ်ကြောင်း သိရပါတယ်။ တံခါး လေးပေါက်ကား အများစု ဝင်ပြီး နောက်ဖုံးပါ တဲ့ နောက်ဖုံးကားများ ဖြစ်ပါတယ်။ နောက်ဖုံးကား အသေးစား ဖြစ်ပါတယ်။


အဝယ်များရတဲ့ အကြောင်းအရင်းက ဈေးသက်သာခြင်းဟာ အဓိက ကျပါတယ်။ ရန်ကုန်မြိုကမှာ သိန်း ၈၀ လောက်ရှိရင် ဟွန်ဒါဖစ် ကောင်းကောင်း တစ်စီး ဝယ်စီး နိုင်ပါတယ်။ မူရင်းတန်ဖိုးက သိန်း ၃၀ အောက်မှာပဲ ရှိပါတယ်။ အင်ဂျင် အရွယ် ၁၃၀၀ စီစီ အောက်မှာ ရှိပြီး မြန်မာပြည် မှာ လက်ရှိ အခြေအေနအတွက် အသင့်တော်ဆုံးကား ဖြစ်ပါတယ်။ အရောင်အားဖြင့် ရွေးချယ်စရာ စုံတာ ကလည်း သူ့အားသာချက် ဖြစ်ပါတယ်။ အပြာရောင် ကြိုက်နှစ်သက်ကြပြီ၊ အနက်ရောင်၊ အနီရောင်၊ အဖြူရောင် အစရှိသဖြင့် စုံလင်စွာ သွင်းပါတယ်။ ၂၀၀၈ မော်ဒယ်၊ ၂၀၀၉ မော်ဒယ်တွေ လောက် အထိ ဝင်ပါတယ်။

တစ်ပတ်ရစ်ကားတွေပဲ ဝင်တာ ဖြစ်ပါတယ်။ လူငယ် ကြိုက်ကား ဖြစ်သလို၊ မိသားစုလိုက်လည်း အကြိုက်များတဲ့ကားလည်း ဖြစ်ပါတယ်။ လူကြိုက်များမှု စာရင်း အတွက်ကိုတော့ www.motors.com.mm, Automobile ဂျာနယ်နဲ့ Autoworld ဂျာနယ် (www.awjmyanmar.com) တို့က တာဝန်ရှိသူများက စစ်တမ်းအရ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ လက်ရှိ ဈေးကွက် အခြေအနေအရ Honda Fit ပြီးရင် တိုယိုတာ ဆလွန်းများ အကြိုက်များ သေးကြောင်း သိရပါတယ်။
.

0 comments:

Post a Comment

 
Top